အိုးထိန်းစက်
၁၉၅၂ ခုနှစ်က အရောင်းဆိုင်တွင်း နမော်နမဲ့နှင့် သတိမမူတတ်သူများကြောင့် ပစ္စည်းကျကွဲခြင်းကို ကာကွယ်ရန် ကြိုးစားမှုအဖြစ် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ မီယာမီကမ်းခြေ စတိုးဆိုင် ပိုင်ရှင်က “၄င်းကို သင်ခွဲသည်။ ၄င်းကို သင်ဝယ်ရမည်”ဟု ဆိုင်းဘုတ်ထောင်လိုက်သည်။ မှတ်မိလွယ်သည့်စကားရပ်က ဈေးဝယ်သူများအတွက် သတိပေးချက်ဖြစ်ခဲ့သည်။ ယခုအခါ ဤသို့သောဆိုင်းဘုတ်မျိုးကို အဝတ်အထည် ရောင်းသည့်ဆိုင်များတွင်ပင် တွေ့နိုင်သည်။
အိုးအရောင်းဆိုင်၌မူ “၄င်းကို သင်ခွဲ၏၊ ပိုကောင်းသည့်အရာကို ကျွန်ုပ်တို့ပြန်လုပ်ပေးမည်” ဆိုသည့် ခြားနားသည့်ဆိုင်းဘုတ်မျိုး ထောင်ထားနိုင်သည်။ ၎င်းသည် ယေရမိအနာဂတ္တိကျမ်း ၁၈ မှ ဖော်ပြချက်နှင့် တစ်ထပ်တည်းဖြစ်သည်။
အိုးထိန်းအိမ်၌ အိုးထိန်းသည် “ပုံပျက်နေသည့်”ရွှံ့ကို ဂရုတစိုက် ကိုင်တွယ်ပြီး “အခြားအိုးတစ်လုံးအဖြစ်သို့” ပုံသွင်းနေသည်ကို ယေရမိ တွေ့ရှိခဲ့ရသည် (:၄)။ ဘုရားသခင်သည် အမှန်ပင် ကျွမ်းကျင်သည့်အိုးထိန်းတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့သည် ရွှံ့မြေဖြစ်ကြောင်းကို ပရောဖက်က ကျွန်ုပ်တို့အား သတိပေးသည်။ ဘုရားရှင်သည် အရာခပ်သိမ်းကို…
ခွင့်လွှတ်ခြင်းကို ပုံဖော်ခြင်း
အနီရောင်စတုဂံပုံ ပုံကြမ်းရေးဆွဲကစားသည့် ပလက်စတစ် အော်တိုပုံဆွဲသင်ပုန်းသည် မျက်လှည့်အလားပင်။ ငယ်စဉ်က ထိုကစားစရာကို နာရီပေါင်းများစွာ ကျွန်ုပ်ကစားနိုင်သည်။ ခလုတ်တစ်ခုကို လှည့်လိုက်သည့်အခါ ဖန်သားမျက်နှာပြင်၌ အလျားလိုက်မျဉ်းကြောင်းကို ရေးဆွဲနိုင်သည်။ အခြားခလုတ်တစ်ခုကို လှည့်သော် ဒေါင်လိုက်မျဥ်းကြောင်းပေါ်လာသည်။ ခလုတ်နှစ်ခုကို တစ်ပြိုင်တည်းလှည့်သော အခါ ထောင့်ဖြတ်မျဉ်း၊ စက်ဝိုင်းနှင့် ဆန်းပြားသောဒီဇိုင်းများကို ပေါ်လာသည်။ “Etch A Sketch” (ပုံဖော်ခြင်း) ဟုခေါ်သည့် ထိုကစားစရာကို ဇောက်ထိုးလှန်ကာ အနည်းငယ်လှုပ်လိုက်ပြီး ပြန်တည့်လိုက်ချိန် ဒီဇိုင်းသစ်တစ်ခုဖန်တီးရန် ကျွန်ုပ်ကို အခွင့်အလမ်းပေးသည့် မျက်နှာပြင်အလွတ်တစ်ခု ပေါ်လာခြင်းသည် တကယ့်မျက်လှည့်ပင် ဖြစ်ပေသည်။
ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် ပုံကြမ်းဆွဲသောကစားစရာနှင့် တူသည်။ သခင်သည် ကျွန်ုပ်တို့အပြစ်များကို ချေဖျက်ပေးပြီး ကျွန်ုပ်တို့အတွက် အသစ်သော ပန်းချီကားမျက်နှာပြင်ကို ဖန်တီးပေးသည်။ မိမိကျူးလွန်ခဲ့သည့်အမှားများကို ကျွန်ုပ်တို့သတိရသည့်တိုင် ဘုရားသခင်က ခွင့်လွှတ်ပြီး မေ့လိုက်ရန် ရွေးချယ်သည်။ သူသည် အပြစ်များကို ချေဖျက်ခဲ့ပြီး ကျွန်ုပ်တို့အပေါ်ဗွေမယူပါ။…